ချစ်စိတ်မရည်ရွယ်
အို…မိမိရဲ့နောက်ကျောနားမှာရပ်ပြီး မိမိတစ်ကိုယ်လုံးကို စားတော့မည့်အတိုင်း စိုက်ကြည့်ပြုံးနေသည့်ကိုကို့ကြောင့် အိုခနဲ အသံတိတ်ရေရွတ်မိကာ လက်ကလဲ ကိုင်မိကိုင်ရာ ဆွဲမိဆွဲရာ ဆွဲလိုက်မိသည်မို့ ခုံပေါ်မှ ခေါင်းလိမ်းဆီဗူးက လက်နဲ့တိုက်ခါ ပြုတ်ကျသွားသည် ဒေါက်ခနဲမြည်တဲ့အသံက သိပ်မကျယ်ပေမယ့် မြလေးကတော့ ခန္ဓာကိုယ်လုံး တုံသွားသည်အထိ လန့်မိကာ ကပြာကယာပင်ကုန်းကောက်မိသည်