ငယ်ငယ်က ဇာတ်လမ်း
ကျမ ၅တန်းလောက်တုန်းက ကျမတို့အိမ်မှာ ထမင်းချက်တဲ့အန်တီကြီးတစ်ယောက်ခေါ်ထားတယ်။ မနက်လာ ညပြန်ပေါ့။သူချက်တဲ့ ဟင်းတွေက တော်တော်စားကောင်းတယ်။ အဒေါ်ကြီးက ရခိုင်ဘက်ကနေ ကျမတို့မြို့ကိုပြောင်းလာတာ။သူ့မှာ သားတစ်ယောက်ရှိတယ်။ ကိုဟိန်း တဲ့။ ကိုဟိန်းက ၈တန်း တက်နေတာလေ။ကျမထက် ၃နှစ်လောက် ကြီးတယ်။ကျောင်းပိတ်ရက်တိုင်း သူ့သားကိုဟိန်းကို ခေါ်ခေါ်လာတယ်။ ကျမတို့လည်း ကစားဖော်တိုးတာပေါ့။ကိုဟိန်းကကျမတို့နဲ့ ကစားရင် အမြဲလျော့ပေးတယ်။အမြဲအလျော့ပေးလို့ …