အရမ်းမကဲနဲ့မောင်ရယ်
တစ်ထပ်တိုက်လေးက အကြမ်းထည်ပြီးတော့မည်။ ကန်ထရိုက်တာက ဦးအေးမောင်ဖြစ်သည်။ ဦးအေးမောင်မှာ အရင်ကလက်သမားဆရာ၊ ပန်းရံဆရာကြီးဖြစ်သည်။ သူကအများတွေလို လက်သမားသီးသန့်၊ ပန်းရံသီးသန့် ကျွမ်းကျင်တာမျိုးမဟုတ်ပေ။ လက်သမားလုပ်ငန်းကော၊ ပန်းရံလုပ်ငန်းပါ ကျွမ်းကျင်တာဖြစ်သည်။ ဆက်ဆံရေးကောင်းမွန်မှု၊ အလုပ်တွင်စေ့စပ်သေချာမှု၊ ပိုင်ရှင်အပေါ် စေတနာတွေထားမှုတွေကြောင့် လူတွေက သူ့ကိုတဖြည်းဖြည်း ယုံကြည်စိတ်ချလာပြီး အဆောက်အဦးတစ်ခုလုံးကို `ဝ´ ကွက်အပ်သည်အထိ ဖြစ်လာကာ …