မကြောက်ပါနဲ့ (အစ/အဆုံး)
ငယ်ငယ်ကတည်းက ခန္ဓာကိုယ် ထွားထွားကြိုင်းကြိုင်းဖြင့် ဖွံ့ဖြိုးကာ အလှတွေတိုးနေခဲ့သော မြင့်မြင့်ကြည်သည် ယခု ၁၇နှစ်ကျော် အရွယ်တွင်တော့ ငွားငွားစွင့်စွင့် အစွမ်းကုန် ပွင့်နေသည့် ပန်းလေးတစ်ပွင့်နှယ် အလှသွေးတွေ ကြွယ်ကာ လှချင်တိုင်း လှ၍ နေပေတော့သည်။