ပြိုင်ကားလား၊ ဟတ်စကီးလား
”Octane နှစ်ထောင်ဖိုးလောက်…..”တွေးလက်စအတွေးတွေကိုလက်စသတ်ပြီး ရှေ့မှာရပ်ထားတဲ့ ဆိုင်ကယ်ကိုဆီဖြည့်လိုက်သည်။ စိတ်နဲ့လူနဲ့ မကပ်တာကြောင့် ဆီပန့်မှာ ပိုက်ဆံပမာဏကိုမရိုက်ထည့်မိ။အပြင်ဘက်ကို ငေးရင်း ဆီထည့်လိုက်တာ ဆီတွေက တိုင်ကီအပြင်ဘက်ကိုလျှံကျကုန်သည်။”သီရိ…… နင်ဘာတွေဖြစ်နေတာလဲ။”ငှက်ဆိုးထိုးသံလို အသံသြသြကြီးကြောင့် သီရိလန့်ဖျတ်သွားပြီး ကိုင်ထားတဲ့ ဆီဂေါက်ကိုယောင်ယမ်းပြီးလွှတ်ချလိုက်သည်။ သီရိသူငယ်ချင်းကောင်မလေးက အလိုက်တသိဆီဂေါက်ကိုပြန်ကောက်ပြီး လိုအပ်တာတွေကူညီလုပ်ကိုင်ပေးသည်။သီရိ ဝမ်းနည်းစိတ်နဲ့ အတူ ခေါင်းကိုသာတွင်တွင်ငုံ့ထားလိုက်သည်။”ကဲ…… သီရိ…။ ပိုသွားတဲ့ …